(မှုခင်း)စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ (၁၉)မိုင်အတက်လမ်းတွင် ယနေ့စက်တင်ဘာ ၂၉ရက် မွန်းလွဲ၂နာရီ၄၇မိနစ်အချိန်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဥ်တိမ်းမှောက်သည့်နေရာသို့ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းနှင့် ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား၁ဦးသေဆုံးခဲ့ပြီး ၎င်းရုပ်အလောင်းအား စေတနာမွန်(အုန်းချော)လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN