(မှုခင်း)စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြင်းကင်းအရပ်ရှိ ဧရာဝတီမြစ်အတွင်းတွင် အမျိုးသမီး ၁ဦး၏ အလောင်းအား စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီးသည် မြင်းကင်းရွာမှ မနန္ဒာမင်း ၊ ၂၄နှစ် ဖြစ်ပြီး မကွေးတက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် တတိယနှစ် သင်္ချာကျောင်းသူဖြစ်ကြောင်း သိရသည်။
အဆိုပါရုပ်အလောင်းအား ဒေသခံလူမှုကူညီရေးအသင်းမှ မကွေးဆေးရုံရှိ ရင်ခွဲရုံသို ပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးချက်အရ အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ အလောင်းအား အသေးစိတ်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN