တာချီလိတ်တွင် ကားမှ ဆိုင်ကယ်ကို ဝင်တိုက်ပြီး ကားမောင်းသူ ထွက်ပြေး

(မှုခင်း)စက်တင်ဘာ ၂၈

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ခရိုင်တရားရုံးအနီး လမ်းကြားတွင် ကားတစ်စီးမှ မိသားစု၃ဦး စီးလာသည့်ဆိုင်ကယ်အား ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက် ည ၉ နာရီအချိန်ခန့်တွင် တာချီလိတ်မြို့ ခရိုင်တရားရုံးအနီးတွင် Wish အဖြူရောင်ကား၊ ယာဉ်အမှတ် 6I-5085 သည် လမ်းကြားမှ လမ်းကြောင်းမှားယွင်းစွာ ထွက်လာကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ဖြတ်သန်းနေသည့် မိသားစုဝင် ၃ဦးစီးနင်းလာသည့် ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသမီးမှာ သွေးထွက်ဒဏ်ရာများနှင့် ကျိုးပဲ့ဒဏ်ရာများ ရရှိခဲ့ကာ အလယ်တွင် လိုက်ပါလာသည့် ကလေးငယ်နှင့် ဆိုင်ကယ်မောင်းသူ အမျိုးသားတို့လည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယာဥ်မှာရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN