မုံရွာ-မန္တလေး ခရီးသည်တင်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁ဦးသေဆုံး၊ ၃ဦးဒဏ်ရာရ

(မှုခင်း)စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြိုနယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီး မိုင်တိုင်အမှတ် ၄၂/၅ တွင် ခရီးသည်မော်တော်ယာဥ် ၁စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

စက်တင်ဘာ ၂၈ မွန်းလွဲပိုင်းအချိန်က မြိုင်မြိုနယ်၊ လင်းကတောကျေးရွာနေ ယာဉ်မောင်း ဦးဇင်ကိုအောင် (ဘ) ဦးမှန် မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ငပုတောမြိုနယ်၊ သက္ကယ်ချောင်းကျေးရွာနေ ဒေါ်ဝေဝေလွင် (ဘ) ဦးသောင်းရွှေ၊ ဆရာတော် ဘဒ္ဒန္တသီလာစာရနှင့် ရေစကြိုမြိုနယ်၊ ဒီပဆေးကျေးရွာနေ မမီမီသန့် (ဘ) ဦးဝင်းသန့်တို လိုက်ပါလာသည့် AD Van အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်သည် မြင်းမူမြိုနယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီး မိုင်တိုင်အမှတ် ၄၂/၅ တွင် အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုခံရသဖြင့် ခရီးသည် ၁ဦး သေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒေါ်ဝေဝေလွင်သည် မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဆရာတော် ဘဒ္ဒန္တသီလာစာရ၊ မမီမီသန့်နှင့် ယာဉ်မောင်း ဦးဇင်ကိုအောင်တိုတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၊ဒဏ်ရာရရှိသူများအား လုံခြုံရေးအဖွဲများက မြင်းမူမြိုနယ် ပြည်သူ့ဆေးရုံသို ပိုဆောင်ပေးပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN