(မှုခင်း) စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တန်းမြို့နယ်တွင် အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦးတို့အား WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူဖမ်းဆီးမိရမိကြောင်း သိရသည်။
စက်တင်ဘာလ(၂၁)ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင်၊ကျောက်တန်းမြို့နယ်၊ရွှေပျောက်ကျေးရွာ၊စက်မှုဇုံလမ်းရှိ CASABLANCA-2 စားသောက်ဆိုင်တွင် မူးယစ်ဆေးဝါးများရောင်းချရန်ရှိကြောင်းသတင်းအရလူံခြုံရေးပူးပေါင်းအဖွဲ့မှ ကြိုတင်အသွင်ယူဆောင်ရွက်ခဲ့ရာ သန်းနိုင်(၆၃)နှစ်(ဘ)ဦးစံသောင်း၊ဓမ္မာရုံလမ်း၊သီလဝါတိုးချဲ့ရပ်ကွက်၊ကျောက်တန်းမြို့၊စိုးနိုင်(၅၀)နှစ်(ဘ)ဖိုး၊ယင်းမာ(၂)လမ်း၊ရတနာပုံရပ်ကွက်၊ဥသျှစ်ပင်မြို့၊ဒေါ်ရီရီဝင်း(၆၄)နှစ်(ဘ)ဦးဝင်းမြင့်၊လေးကျွန်းဆီမီးရွာ၊ ရွှေတောင်မြို့နယ်နေသူ ၃ ဦးအား အကယ်ဒမီ စာတန်းပါအဖြူရောင်ဆာလာအိတ်(၁)လုံးအတွင်းအဝါရောင်တိပ်၊အကြည်ရောင် ပလပ်စတစ်မှိုင်းခံစက္ကူ၊အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်များဖြင့်၊အဆင့်ဆင့်ထုပ်ပိုးထည့်ထားသည့် WY စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၀၀၀၀)ပြားစီပါ(၁၅)ထုပ်၊စုစုပေါင်းဆေးပြား (၁၅၀၀၀၀)ပြားနှင့်၎င်းတို့ကိုင်ဆောင်အသုံးပြုသည့် ဆင်းကဒ်ပါ လက်ကိုင်ဖုန်း(၃)လုံးအတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါ ဖမ်းဆီးမိသည့် တရားခံ သန်းနိုင်၊ စိုးနိုင်နှင့် ဒေါ်ရီရီဝင်းတို့အား ကျောက်တန်းမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်၍စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Telegram – t.me/positiveanglenews
#PAN