(ပြည်တွင်း) စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့တွင် ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက် ၇ နာရီခန့်က ညောင်ပင်စောက်ကျေးရွာဘက်မှ ရောက်ရှိလာသည့် PDF အဖွဲ့ဝင် အင်အား ၂၀ ခန့်က မြန်မာ့စီးပွားရေးဘဏ်သို့ စိုက်ပျိုးစရိတ်ထုတ်ယူရန် လာရောက်သည့် တောင်သူများကို တားမြစ်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းရရှိချက်အရ အဆိုပါအဖွဲ့က တောင်သူများကို “ဘယ်မှမသွားရ” ဟု ပြောဆိုခဲ့သဖြင့် ဒေသခံများအနေဖြင့် ကျေးရွာပြင်ပသို့ ထွက်ခွာရန် စိုးရိမ်နေကြရကြောင်း သိရသည်။စက်တင်ဘာ ၁၅ ရက် ညပိုင်း သတင်းများအရ PDF အဖွဲ့များသည် ညောင်ပင်စောက်ကျေးရွာသို့ PDF တပ်ရင်း ၄၊ ၅၊ ၇၊ GZ နှင့် ပကဖ တပ်ပေါင်းစုများ ရောက်ရှိနေကြောင်း၊ အဆိုပါအဖွဲ့များသည် ညောင်ပင်စောက်ကျေးရွာ၏ အရှေ့ဘက်ရှိ မုန်းဇလဲကျေးရွာနှင့် သမန်းရင်းကျေးရွာတို့တွင် အထိုင်ချကာ နေရာချဲ့ထွင်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ထို့အပြင် လွန်ခဲ့သည့် တစ်ပတ်ခန့်က ကိုမောင်ခိုင်နှင့် ဒေါ်ကြည်သန်းတို့ကို ဖမ်းဆီးခဲ့ပြီး ဦးထွန်းထွန်းကို သတ်ဖြတ်ခဲ့သည်ဆိုသည့် ဖြစ်စဉ်မှာလည်း အဆိုပါနေရာများသို့ နေရာချဲ့ထွင်ရန်အတွက် အဖွဲ့များက လမ်းစဖော်ဆောင်ခြင်းဖြစ်ကြောင်း သတင်းရရှိချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ရရှိထားသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ ဖော်ပြခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews
#PAN