တောင်တွင်းကြီးမြို့နယ် တလုပ်ကုန်းကျေးရွာသို့ PDF အမည်ခံ လူ ၈ ဦး ရောက်ရှိပြီး ဆက်လက်ထွက်ခွာ

(မှုခင်း) စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တလုပ်ကုန်းကျေးရွာသို့ ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်တွင် PDF အမည်ခံ လူ ၈ ဦး ရောက်ရှိလာကြောင်း သတင်းရရှိသည်။

သတင်းရရှိချက်အရ အဆိုပါ လူ ၈ ဦးသည် ရောက်ရှိလာပြီးနောက် ကျေးရွာအနောက်ပိုင်းရှိ ဈေးဆိုင်ရှေ့တွင်ရှိသည့် ကိုလင်းလင်းအာ၏ သန်းနိုင်နေအိမ်သို့ လိုက်ပို့ခိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၈ နာရီခန့်တွင် ဘုန်းကြီးကျောင်းသို့ ထွက်ခွာခဲ့ပြီး နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ခန်လမိုင်းကျေးရွာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

အဆိုပါ လူ ၈ ဦးထံတွင် သေနတ်အရှည်များနှင့် လက်နက်ငယ်အမျိုးအစား သေနတ်အတိုများ ကိုင်ဆောင်ထားသည်ဟုလည်း သတင်းရရှိထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိတွင် ရရှိထားသည့် သတင်းအချက်အလက်များအရသာ ဖော်ပြထားခြင်းဖြစ်ပြီး သီးခြားအတည်ပြုနိုင်သည့် အချက်အလက်များကို ထပ်မံရရှိပါက ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN