အောင်မြေသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး ၉ မိနစ်အတွင်း မီးငြိမ်းသတ်နိုင်

(ပြည်တွင်း) စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်အမှတ်(၁၉/ခ)၊ (၇၉)လမ်းနှင့် (၃)လမ်းထောင့်တွင် ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီ ၃၄ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုသတင်းရရှိသဖြင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ အမရဌာနီအရှေ့အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ဉပုသ်တော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့အပြင် အိုးဘိုရွှေကျင်အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီး၊ မေဃဂီရိအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီးတို့နှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Telegram – t.me/positiveanglenews

#PAN