(မှုခင်း) စက်တင်ဘာ ၁၆
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ရောင်းဝယ်နေသည်ဟု သိရှိရသည့် Michael Sun အမည်ပါ Facebook Account ပိုင်ရှင်အား စက်တင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီခွဲတွင် ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို လူမှုကွန်ရက်ပေါ်တွင် ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းခဲ့ရာ တောင်ငူမြို့၊ ၂၂ ရပ်ကွက်၊ မင်းကြီးညိုရပ်နေ ကိုထွန်း(ခ) ထွန်းထွန်းဝင်း ဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေစဉ် ကိုထွန်း(ခ) ထွန်းထွန်းဝင်းသည် တောင်ငူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဈေးလမ်းရှိ KBZ ဘဏ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ YGN-7/2K-4917 CROWN အဖြူရောင်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိသူမှာ ကိုထွန်း(ခ) ထွန်းထွန်းဝင်း၊ အသက် ၄၈ နှစ်၊ (ဘ) ဦးစိန်ထွန်း၊ အမှတ်(၂၂)ရပ်ကွက်၊ မင်းကြီးညိုရပ်၊ တောင်ငူမြို့နေသူဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုထွန်း(ခ) ထွန်းထွန်းဝင်းအား တောင်ငူမြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုရေးဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN