(မှုခင်း) စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် ယနေ့နံနက်အစောပိုင်းက နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၆ ရက် နံနက် ၃ နာရီ ၁၈ မိနစ်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သထုံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သထုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် မီးသတ်ရေသယ်ယာဉ် ၁ စီးတို့ ထွက်ခွာခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျိုက္ကော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သိမ်ဆိပ်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် တံတားဦးအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ကြသည်။
အဆိုပါမီးလောင်မှုကို နံနက် ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် မီးလောင်ချိန်မှစ၍ မိနစ် ၃၀ ခန့်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ထိခိုက်ဆုံးရှုံးမှုအသေးစိတ်ကို ဖော်ပြထားခြင်းမရှိသေးပေ။

Telegram – t.me/positiveanglenews
#PAN