(လွှတ်တော်) စက်တင်ဘာ ၁၆
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲတွင် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအဖြစ် ပါဝင်တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက် နံနက် ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မော်စကိုမြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာရာတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ သံရုံးမှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်၍ နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲတွင် နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN