(မှုခင်း) စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာတွင် PDF အကြမ်းဖက်သမားများက ဒေသခံအမျိုးသမီးတစ်ဦးအား “ဒလန်” ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကွင်းကြီးကျေးရွာနေ ဒေါ်နီလာမြင့် (ခ) သီတာ၊ အသက် ၃၆ နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား အမျိုးသား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ ၎င်းအမျိုးသမီးအား “ဒလန်” ဟု စွပ်စွဲပြောဆိုပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်ခံရမှုကြောင့် ဒေါ်နီလာမြင့် (ခ) သီတာတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ PDF အကြမ်းဖက်သမားများသည် အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN