


(မှုခင်း)စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ မဟာမြိုင်မီးပွိုင့်အနီး Mytel ရုံးရှေ့၌ စက်ရုံ ကြို/ပို့ မှန်လုံယာဉ်နှင့် LANDCRUISER PRADO တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက် ည ၉ နာရီခွဲအချိန်ခန့်က ပဲခူးမြို့တွင်းဘက်သို့ မောင်းနှင်လာသည့် “ရှင်ဆောင်း” အထည်ချုပ်စက်ရုံ ကြို/ပို့ မှန်လုံယာဉ်သည် မဟာမြိုင်မီးပွိုင့်အနီးအရောက်တွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လားရာတူ ရှေ့မှ LANDCRUISER PRADO ယာဉ်ကို ဝင်ရောက် တိုက်မိခဲ့ပြီး လမ်းလယ်ကျွန်းပေါ်သို့ တက်ရောက်သွားကြောင်း သိရသည်။
အဆိုပါယာဥ်တိုက်မှုကြောင့် အထည်ချုပ်စက်ရုံ ကြို/ပို့ မှန်လုံယာဉ်ပေါ်ပါ အမျိုးသမီး ၄ ဦးနှင့် LANDCRUISER PRADO ယာဉ်မောင်း အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။