

(ပြည်တွင်း) သြဂုတ် ၁၁
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းတမံ ဆည်ရေပြည့်ရန် ၂.၁၄ပေသာ လိုသေးကြောင်း တည်ဆောက်ရေး-၅ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ယနေ့နံနက်(၆)နာရီအချိန်က ထုတ်ပြန်ထားသည်။
နေပြည်တော်အတွင်း မိုးအဆက်မပျက်ရွာသွန်းမှုကြောင်း ပေါင်းလောင်းဆည်အတွင်း ရေဝင်ရောက်မှုအခြေနေအရ ဆည်ရေပြည့်ရန် ၉.၈.၂၀၂၆ရက်နေ့တွင် ၃.၉၄ပေ၊ ၁၀.၈.၂၀၂၆ရက်နေ့တွင် ၂.၉၆ပေ ယနေ့ နံနက် ၆နာရီအချိန်တွင် ၂.၁၄ပေသာ လိုသေးကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်အရ တမံနှင့် ရေပိုလွှဲကြံ့ခိုင်မှု အခြေအနေကောင်းမွန်ပါကြောင်း၊ ပေါင်းလောင်းမြစ်ကြောင်းတလျှောက်ပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိသေးကြောင်း သိရသည်။