(မှုခင်း) ဇူလိုင် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ ရပ်ကွက်(၂)၊ ပလောင်ဈေးလမ်းရှိ စားသောက်ဆိုင်တွင် မူးယစ်ဆေးဝါး သုံးစွဲနေသည့် လူငယ် ၂ ဦးအား ဖမ်းမိခဲ့ကြောင်း သိရသည်။
ဇူလှိုင် ၂၂ရက်နေ့ ညပိုင်းအချိန်က ကလောမြို့၊ ရပ်ကွက်(၂)၊ ပလောင်ဈေးလမ်းရှိ စားသောက်ဆိုင်အား မူးယစ်တပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေရာ ဆိုင်၏ နောက်ခန်းအတွင်း၌ မူးယစ်ဆေး သုံးစွဲနေသည့် ဝေယံမင်းခန့် နှင့် ဇဝါ တို့ ၂ ဦးအား WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅ ပြား အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲသော သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းမိခဲ့သည့် ဝေယံမင်းခန့် နှင့် ဇဝါ တို့အား ကလောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Telegram….
https://t.me/positiveanglenews