ရေတာရှည်မြို့နယ်တွင် ဘိလပ်မြေတင်ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွား

(မှုခင်း) ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၁၇၅/၅)ဖာလုံတွင် ဇူလိုင်လ ၂၂ရက် ည၁၀နာရီ၂၇မိနစ်အချိန်က ဘိလပ်မြေတင်ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိမ်းမှောက်ကြောင့် ကားခေါင်းအတွင်း လူ(၁)ဦးညပ်နေသဖြင့် တောင်ငူခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရေတာရှည်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ TAUNGOO RESCUE အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျား (၁)ဦး(မစိုးရိမ်ရ) အား အသက်ရှင် လျက်ကယ်ထုတ်နိုင်ခဲ့ပြီး Myanmar Rescue လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ရေတာရှည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN