သီပေါ တာလုံဇက်ကူးဆိပ်တွင် စက်လှေနှင့် ကားတစ်စီးနစ်မြုပ်၊ လူ ၅ ဦးပျောက်ဆုံးနေ

(ပြည်တွင်း) ဇူလိုင် ၂၀

ရှမ်းပြည်(မြောက်ပိုင်း) သီပေါမြို့နယ်၊ တာလုံကျေးရွာရှိဇက်ကူးဆိပ်တွင် မြစ်ဖြတ်ကူးရန် စက်လှေပေါ်တင်ဆောင်လာသည့် မော်တော်ယာဥ်သည် ချည်ထားသည့်ကြိုး ပြတ်တောက်သွားရာမှ စက်လှေနှင့် မော်တော်ယာဉ် နစ်မြုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်က တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် ဒုဋ္ဌဝတီမြစ်ကို ဖြတ်ကူးရန် မော်တော်ယာဉ်တစ်စီးအား စက်လှေပေါ်သို့ တင်နေစဉ် စက်လှေကို ချည်ထားသည့်ကြိုး ပြတ်တောက်သွားရာမှ စက်လှေနှင့် မော်တော်ယာဉ် မြစ်ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေပေါ်တွင် စက်လှေသမား ၂ ဦးနှင့် ကားသမား ၅ ဦး စုစုပေါင်း ၇ ဦးပါရှိပြီး စက်လှေနှင့်အတူ မြစ်အတွင်း မျောပါသွားခဲ့ပြီး ၂ ဦးသာ ရေကူးကာ ကမ်းပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း၊ ပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများကို ချက်ချင်းရှာဖွေမှုများဆောင်ရွက်ခဲ့သော်လည်းလူ ၅ ဦးမှာ မြစ်ရေစီးနှင့်အတူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN