မျှစ်သွားရှာသည့် အမျိုးသမီးနှစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာများရရှိ

(ပြည်တွင်း)ဇူလိုင် ၂၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မျှစ်သွားရှာသည့် အမျိုးသမီးနှစ်ဦး KNU/PDF ပူးပေါင်းအဖွဲ့များ ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာနေ ဒေါ်နော့တဒူး အသက် (၄၅) နှစ်နှင့် ဒေါ်နော်လှကူး အသက် (၃၆) နှစ်တို့သည် ကျေးရွာအနီးရှိ တောအတွင်း ဝါးမျှစ်ရှာ နေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး၏ ခြေထောက်နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူနှစ်ဦးအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

PAN