
(နိုင်ငံတကာ) ဇူလိုင် ၆
အမေရိကန် ပစိဖိတ်ပိုင်နက်နယ်မြေများဖြစ်သည့် ဂူအမ်ကျွန်းနှင့် မာရီယာနာကျွန်းစုမြောက်ပိုင်းသို့ ကပ်ဘေးသင့်စေမည့် မိုး သည်းထန်စွာရွာသွန်းမှုနှင့် ဟာရီကိန်းအဆင့်ရှိ လေပြင်းမုန်တိုင်းများ သယ်ဆောင်လာသော ဆူပါတိုင်ဖွန်း “ဗာဗီ” (Bavi) ဝင်ရောက်တော့မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများသည် အရေးပေါ်ခိုလှုံရာစခန်းများသို့ အလုအယက် ရွှေ့ပြောင်းနေကြရပြီး နောက်ဆုံးအချိန် ပြင်ဆင်မှုများ ပြုလုပ်နေကြရသည်။
အမေရိကန် အမျိုးသားရာသီဥတုဝန်ဆောင်မှုအဖွဲ့ (NWS) ၏ ထုတ်ပြန်ချက်အရ မုန်တိုင်းစနစ်သည် အနောက်ဘက်သို့ ဦး တည်ရွေ့လျားနေပြီး တနင်္လာနေ့နံနက်ပိုင်းတွင် အဆိုပါဒေသများကို ဗဟိုပြုဖြတ်သန်းမည်ဖြစ် သည်။ မုန်တိုင်း၏ ပုံမှန်လေ တိုက်နှုန်းမှာ တစ်နာရီလျှင် ၂၆၀ ကီလိုမီတာ (၁၆၂ မိုင်) ရှိပြီး၊ မုန်တိုင်းဝဲဂယက်ကြောင့် လေပြင်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် ၃၁၅ ကီလို မီတာ (၁၉၆ မိုင်) အထိ ပြင်းထန်နိုင်ရာ ယင်းသည် အဆင့် ၅ ရှိသော အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်းအဆင့်နှင့် ညီမျှနေသည်။
NWS က “မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားတဲ့ ရေ ကြီးမှုတွေနဲ့ ကမ်းရိုးတန်း ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု သတိပေးထားပြီး ပင်လယ်ပြင်တွင် ၁၀ ထပ်အဆောက်အအုံအမြင့်နှင့် ညီမျှသော ၁၀.၇ မီတာ (၃၅ ပေ) အထိ မြင့်မည့် ရေလှိုင်းကြီးများကြောင့် သွားလာခြင်းမပြုရန် တားမြစ်ထားသည်။ လတ်တလောတွင် ဂူအမ်ကျွန်းပေါ်၌ မိုး သက်လေပြင်းများ စတင်ကျရောက်နေပြီဖြစ်၍ လမ်းမများပေါ်တွင် သွားလာသူ မရှိသလောက် နည်းပါးသွားပြီဖြစ်သည်။
မုန်တိုင်းအန္တရာယ်ကြောင့် ဒေသခံများနှင့် စီးပွားရေးလုပ် ငန်းရှင်များသည် ၎င်းတို့၏ ဆိုင်များနှင့် နေအိမ်ပြတင်းပေါက်များကို အထပ်သားပျဉ်ပြားများဖြင့် လိုက်လံပိတ်ဆို့ကာ ပြင်ဆင်နေကြရသည်။ အသက် ၅၅ နှစ်အရွယ် စားသောက်ဆိုင်ပိုင်ရှင် ပင်ကီ ကူဘာကပ်က ဆိုင်ပိတ်ထားရသဖြင့် နစ်နာမှုများရှိကြောင်းနှင့် မုန်တိုင်းဒဏ်ခံနိုင်ရန် ဒေါ်လာ ၅၀၀ ဖိုးရှိသည့် အထပ်သားများကို အလုအယက် တန်းစီဝယ်ယူခဲ့ရကြောင်း AFP သို့ ပြောကြားခဲ့သည်။
ထို့အတူ ဒေသတွင်းရှိ လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်သဖြင့် ဂျပန်ကမ္ဘာလှည့်ခရီးသည်များအပါအဝင် နိုင်ငံခြားသားအများအပြားလည်း နေရပ်မပြန်နိုင်တော့ဘဲ ဟို တယ်များအတွင်း၌သာ အရေးပေါ် ပုန်းခိုနေကြရသည်။
အဆိုပါဒေသသည် ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းကလည်း ဆူပါတိုင်ဖွန်း “ဆင်လကု” (Sinlaku) ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူပေါင်းသောင်းချီ လျှပ်စစ်မီးပြတ်တောက်ပြီး အမိုးများလွင့်စင်ကာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသေးသည်။ ယခု ဗာဗီမုန်တိုင်းသည် လူဦးရေ ၁,၅၀၀ ခန့်သာရှိသော ရိုတာ (Rota) ကျွန်းငယ်လေးအပေါ်မှ တိုက်ရိုက်ဖြတ်သန်းသွားနိုင်ခြေရှိနေ သည်။
အကယ်၍ ရိုတာကျွန်းကို ဖြတ်သန်းသွားပါက “ဒေသအများစုဟာ ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် ဒီထက်ပိုပြီး လူနေ ထိုင်လို့မရအောင် ပျက်စီးသွားလိမ့်မယ်” ဟု NWS က ခန့်မှန်းထားသည်။
သံကူကွန်ကရစ်မဟုတ်သော အိမ်အများစုမှာ ပြိုကျပျက်စီးသွားမည်ဖြစ်ပြီး၊ သစ်ပင်များနှင့် ဓာတ်တိုင်များအားလုံး လဲကျကျိုးပြတ်ကာ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးပြတ်တောက်မှုမှာ ရက်သတ္တပတ်များမှသည် လပေါင်းများစွာအထိ ကြာမြင့်နိုင်ကြောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ အာဏာပိုင်များက စိုးရိမ်တကြီး သတိပေးထုတ်ပြန်ထား သည်။
Telegram»…
https://t.me/positiveanglenews
#PAN