
(နိုင်ငံတကာ) ဇူလိုင် ၆
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း (အီဆန်ဒေသ) ရှိ တရားမဝင် ဖွင့်လှစ်ထားသော ဖျော်ဖြေရေးကလပ်/အရက်ဘားတစ်ခုကို ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ရာ၊ ဥပဒေအရ သတ်မှတ်ထားသည့် အသက်မပြည့်သေးသည့် ကလေးငယ်များနှင့် အရွယ်မရောက်သေးသူ အများအပြားကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ၏ ထုတ်ပြန်ချက်အရ အဆိုပါ အရက်ဘားသည် ဆီခါ (Seka) ခရိုင်အတွင်းရှိ တစ်ထပ်အဆောက်အအုံတစ်ခု၌ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ၎င်းဆိုင်သည် မည်သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား (ID Card) စစ်ဆေးခြင်းမျိုး လုံးဝမလုပ်ဘဲ အသက်မပြည့်သေးသူများကို လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုထားကြောင်း စုံစမ်းသိရှိရသည်။
ရဲတပ်ဖွဲ့ဝင်များ ဆိုင်အတွင်းသို့ ရုတ်တရက် ဝင်ရောက်စီး နင်းပြီး မီးများအားလုံးကို ဖွင့်ရန် အမိန့်ပေးခဲ့သည့်အချိန်တွင် ဆိုင်အတွင်း၌ လူပေါင်း ၃၀၀ ခန့်သည် သီချင်းသံများနှင့်အတူ ပျော်ပါးသောက်စား ကခုန်နေကြဆဲဖြစ်သည်။
တာဝန်ရှိသူများက ဆိုင်အတွင်းရှိ ဧည့်သည်များကို စစ် ဆေးခဲ့ရာ ဥပဒေအရ ကလပ်/ဘားများသို့ ဝင်ရောက်ခွင့်မရှိသည့် အသက် ၂၀ နှစ်အောက် အရွယ်မရောက်သေးသူ ၄၉ ဦးအထိ တွေ့ရှိခဲ့ရပြီး ၎င်းတို့အနက် အသက်အငယ်ဆုံးကလေးမှာ ၁၃ နှစ်သားသာ ရှိသေးကြောင်း သိရသည်။
ထို့ပြင် ဆိုင်အတွင်းရှိ ကြမ်းပြင်များနှင့် အိမ်သာများအတွင်း ၌ အိုက်စ် (Crystal meth) နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ အများအပြား ပြန့်ကျဲလျက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။ ယင်းမှာ ရဲတပ်ဖွဲ့ဝင်များ ဝင်လာချိန်တွင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု အမှုကြီးဖြင့် တရားစွဲဆိုခံရမည်ကို စိုးရိမ်သဖြင့် ဧည့်သည်များက အလျင်အမြန် စွန့်ပစ်ခဲ့ကြခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

လက်ရှိတွင် အသက် ၂၇ နှစ်အရွယ်ရှိ ဆိုင်တာဝန်ခံ/မန်နေဂျာ ဖြစ်သူ အဖိချိုင်း (Apichai) ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်သည်။ ၎င်းအား တရားဝင်လိုင်စင်မရှိဘဲ ဖျော်ဖြေရေးဆိုင် ဖွင့်လှစ်မှု၊ အသက်မပြည့်သေးသည့် အရွယ်မရောက်သေးသူများကို အရက်သေစာ ရောင်းချမှုနှင့် ကလေးငယ်များအား မသင့်လျော်သော လမ်းမှားသို့ ရောက်ရှိစေရန် ဦးဆောင်လှုံ့ဆော်မှု စသည့် ပုဒ်မများဖြင့် ထိုင်းဥပဒေအရ ပြင်းပြင်းထန် ထန် အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN