ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် SEZ စီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေ၊ ဆိပ်ကမ်းနယ်နိမိတ်သတ်မှတ်ချက် နောက်ဆုံးအဆင့်သို့ ရောက်ရှိ   

(ပြည်တွင်း) ဇူလိုင် ၆                             

   မဟာဗျူဟာမြောက် အရေးပါသည့် ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် ၂၀၁၄ ခုနှစ် မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီများနှင့် ညှိနှိုင်း၍ လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။                                     

     တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး (၁၂) ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးမောင်စိန်၏ မေးမြန်းမှုအား စီးပွား ရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းသည် ထိုင်းနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် မဟာဗျူဟာမြောက် အလွန်အရေးပါသော စီမံကိန်းတစ်ခုဖြစ်သည်။

     အဆိုပါစီမံကိန်းကို ယခင်က အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီက တာဝန်ယူခဲ့သော်လည်း စီမံကိန်းသဘောတူညီချက်များကို ၂၀၂၀ ပြည့်နှစ်တွင် အစိုးရဘက်က ရပ်စဲခဲ့သည်။

      ထို့နောက် စီမံကိန်းကို ပြန်လည်အကောင်အထည် ဖော်ရန် ကြိုးပမ်းခဲ့ရာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လအတွင်းက ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် မြန်မာ-ရုရှား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရအချင်းချင်း ကော်မရှင်အစည်းအဝေးတွင် ထားဝယ် SEZ နှင့် ယင်း၏ ပတ် ဝန်းကျင်ဒေသများ၌ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ (Memorandum of Intent – MoI) ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ထား ဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း၏ ဆိပ်ကမ်းအတိုင်း အတာနယ်နိမိတ် (Port limits) များကို တရားဝင် သတ်မှတ်အတည်ပြုနိုင်ရန် စနစ်တကျ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိတွင် အဆိုပါလုပ် ငန်းစဉ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်သို့ ရှင်းလင်းပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN