တောင်ကြီးမြို့တွင် အမျိုးသမီး တစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးထံမှ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက် ညပိုင်းအချိန်က တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ နယ်မြေ(၂)၊ နဂါးပွက်ကျောင်းလမ်းနှင့် ခရေလမ်းထောင့်၊ မီးသတ်တိုက်ခန်း အမှတ် (၁)ရှိ ကုန်စုံဆိုင်သို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ပိုင်ရှင်ဖြစ်သူ သန္တာအေး (ခ) သင်းသင်းလွင် (ခ) အန်တီအေး ထိုင်နေသည့် ဈေးဆိုင်ကောင်တာပေါ်မှ WY စာတမ်းပါ လိမ္မော်ရောင်ဆေးပြား ၄၀ ကို သိမ်းဆည်း ရမိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် သန္တာအေး (ခ) သင်းသင်းလွင် (ခ) အန်တီအေး အား တောင်ကြီးမြို့မရဲစခန်းတွင် မူး/စိတ်ပုဒ်မ – ၁၉(က )ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

#PAN