(မှုခင်း) ဇူလိုင် ၄
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်၁၈၁/၅တွင် ယနေ့မွန်းလွဲ၂နာရီ၅၀မိနစ်အချိန်က ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိသစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား လူငယ်တွဲလက်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN