KGတန်းတက်နေသည့် အသက် ၅ နှစ်ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ်မှု ဖြစ်ပွား

(မှုခင်း) ဇူလိုင် ၄

ရန်ကုန်တိုင်းဒေသကြီး ၊ ထန်းတပင်မြို့နယ် ၊ တူးချောင်းကျေးရွာ ၊ ဓနသိဒ္ဓလမ်းတွင် နေထိုင်သည့် အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဇူလိုင် ၃ ရက်နေ့နံနက်ပိုင်းက ထန်းတပင်မြို့နယ် ၊ တူးချောင်းကျေးရွာ ၊ ဓနသိဒ္ဓလမ်းတွင် KGတက်နေသည့်အသက်၅နှစ်အရွယ် ကလေးငယ်တစ်ဦး နေအိမ်ကနေ ပျောက်သွားပြီးသဖြင့် မိသားစုဝင်များ၊ ရပ်ကွက်နေလူငယ်များမှ လိုက်လံရှာဖွေခဲ့ရာ ည ၁၁ နာရီအချိန်တွင် တူးချောင်းကျေးရွာ အပြင်ဘက်တွင် စောင်နှင့်ပတ်ထုတ်ထားပြီး အသတ်ခံထားရသည့် ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည် ။

ထို့နောက် ကလေးငယ်၏ရုပ်အလောင်းအား င်သာယာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆရာဝန်၏ ဆေးစစ်ချက်အရ ကလေးငယ်မှ အဓမ္မပြုကျင့်ခံရကြောင်း၊ကလေးဝတ်ဆင်ထားသည့် နားကပ်ကလည်း ဆွဲဖြုတ်ခံထားရကြောင်း သိရသည်။

အဆိုပါ ကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ခဲ့သည့် တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN