၁၂ ဘီးကား ယာဥ်မောင်း အောင်ပန်း – ကလောလမ်းပေါ် ကားရပ်၍ ကြိုးဆွဲချ သေဆုံး

(မှုခင်း) ဇူလိုင် ၃

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်း – ကလောကားလမ်းမပေါ်တွင် ၁၂ ဘီးကား ယာဥ်မောင်းတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးမှု ယနေ့ နံက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းက အောင်ပန်း – ကလောလမ်းခွဲT oll Gate အကျော်၌ ၁၂ ဘီး ယာဥ်မောင်း အမှတ် ၁ ရပ်ကွက် – ညောင်ရွှေမြို့နေသူသည် ကားစပယ်ယာ အိပ်ပျော်နေသည့် အချိန်တွင် ကိုယ့်ကိုကိုယ် ကြိုးဆွဲချသေဆုံခဲ့ကြောင်း သိရသည်။

ထို့နောက် သေဆုံးသူ ရုပ်အလောင်းကို အောင်ပန်းပရဟိတအသင်းမှ အောင်ပန်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

#PAN