
(ပြည်တွင်း)မေ ၂၀
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိနေသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတို ဆရီ ဥတမ ဟာဂျီ မိုဟာမက် ဘင် ဟာဂျီ ဟာဆန် (Dato’ Seri Utama Haji Mohamad bin Haji Hasan) ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့နှင့် မေလ ၁၉ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ သည် မြန်မာနိုင်ငံနှင့် မလေးရှား နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေး နွေးခဲ့ကြပါသည်။

ထို့ပြင် နှစ်ဖက်နိုင်ငံနှင့် ပြည်သူများအတွက် အပြန် အလှန် အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍစုံမှ လက် ရှိပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မလေးရှားကိုယ်စားလှယ်အဖွဲ့အား MGallery Hotel ၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၉ ရက် မွန်းလွဲပိုင်းတွင် နေပြည် တော်သို့ အထူးလေယာဉ်ဖြင့် ဆိုက်ရောက်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲများအပြီး ယင်းနေ့ ညနေပိုင်းတွင်ပင် မလေးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
#Myanmar #Malaysia #Diplomacy #ASEAN #NayPyiTaw #NewsMyanmar
Telegram»…
https://t.me/positiveanglenews
#PAN