ပြည်သူ့လွှတ်တော်ဥက္ကဌဦးခင်ရီဇေယျာသီရိမြို့နယ်ရှိပြည်သူများနှင့်တွ့ဆုံ

(ပြည်တွင်း)မေ-၆

၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ၀၉၀၀ အချိန်မှ ၁၀၁၅ အချိန်ထိ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ၊ သုခရတနာဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ ပြည်သူများနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆွေ၊ ဇေယျာသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးဖိုးသိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးနွေနှင်းမောင်နှင့် ကော်မတီဝင်များ၊ အောင်ဇေယျရပ်ကွက်၊သစ်တပ်ကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ မအူတောကျေးရွာအုပ်နှင့် ရေဆင်းကျေးရွာအုပ်စုများ ဒေသခံပြည်သူများ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ တွေ့ဆုံပွဲတွင် ဦးခင်ရီက လွှတ်တော်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစဉ်အခြေအနေများ၊ လွှတ်အ‌တွင်း ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ လွှတ်တော်နှင့် အစိုးရပူးပေါင်းဆောင်ရွက်ရေး၊ ရက် ၁၀၀ စီမံချက်အနေဖြင့် ဖော်ဆောင်မည့်လုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများကိုယ်စား ကျွန်းရောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကျော်မှ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လေသာဘုန်းတော်ကြီးကျောင်းပြုပြင်‌ပေးနိုင်ရေး၊ ကျေးရွာချင်းဆက်လမ်း ၄ မိုင်ကွန်ကရစ်လမ်းနှင့် ရိစာလမ်းများခင်းပေးနိုင်ရေး၊ ကျေးရွာများအတွင်း ကွန်ကရစ်လမ်းများခင်းပေးနိုင်ရေး၊ မအူတောကျေးရွာအုပ်စု၊ မအူတောကျေးရွာနေ တောင်သူ ဦးကျော်စိုးက တောင်သူများရိတ်ချွေးစက်များအသုံးပြုရန် စက်သုံးဆီများအခက်အခဲများဖြစ်ပေါ်နေသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ သာစည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဦးက ရေကြီးသဖြင့် ပျက်စီးခဲ့သည့် လမ်းအားပြုပြင်ပေးနိုင်ရေး၊ သာစည်ကျေးရွာ အနီးအ‌ဆောက်အဦဆောက်လုပ်ရန်‌ မြေနေရာအဖြစ် လ/န – ၃၉ ခွင့်ပြုမိန့်ကျပြီး ၁၃.၅၁ ဧကရှိသဖြင့် ဟင်းသီးဟင်းရွက်ဈေးတည်ဆောက်ပေးနိုင်ရေး၊ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာနေ ဦးမျိုးက ကျေးရွာများအတွင်း ရေနှုတ်မြောင်းများတူး‌ ဖော်ပေးနိုင်‌ေရးနှင့် ကွန်ကရစ်လမ်းများခင်းပေးနိုင်ရေး၊ စိမ်းစားပင်ကျေးရွာနေ ဦးမြင့်သိန်းက စိမ်းစားပင်ကျေးရွာ ပတ်လည်ရှိ ရေမြောင်းအားပြန်လည်တူးဖော်ပြီး ကျေးရွာပတ်လမ်းပြုပြင်ပေးနိုင်ရေး၊ ထန်းတပင်ကျေးရွာနေ ဦးနိုင်ဦးက ဘက်စုံသုံဓမ္မာရုံ ဆောက်လုပ်ပေးနိုင်ရေးတို့အား တင်ပြခဲ့ရာ ဦးခင်ရီက တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို ကွင်ဆင်းစစ်‌ေဆး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းစုံစမ်း သိရှိရပါသည်။

#PAN