ခန္တီးမြို့အနီး အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

(မိုး/ဇလ)မေ ၆

မြန်မာနိုင်ငံမြောက်ပိုင်း ခန္တီးမြို့အနီးတွင် ယမန်နေ့ မေလ ၅ ရက်နေ့ ည ၇ နာရီ ၅၃ မိနစ် ၃၄ စက္ကန့်အချိန်ခန့်က အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာချက်များအရ သိရသည်။

အဆိုပါငလျင်သည် မြစ်ကြီးနားမြေငလျင်စခန်းမှတိုင်းထွာချက်အရ အနောက်-အနောက်မြောက်ဘက် (၁၀၉) မိုင် ခန့်ကွာ၊ ခန္တီးမြို့၏ အရှေ့တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၈၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၇) ဒီဂရီ တွင် ဖြစ်ပွားခဲ့ပြီး မြေအနက် (၈၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၈(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။