သီရိလင်္ကာမှ အိန္ဒိယသို့ ၂၉ ကီလိုမီတာ အကွာအဝေးကို အသက် ၇ နှစ်အရွယ်ကလေးငယ် ရေကူးဖြတ်သန်းအသက်အငယ်ဆုံးစံချိန်တင်

(နိုင်ငံတကာ)မေ ၅

    ​​ အိန္ဒိယနိုင်ငံ၊ ရန်ချီမြို့ (Ranchi)၊ Dhurwa နယ်မြေရှိ DAV Shyamali ကျောင်းမှ တတိယတန်းကျောင်း သားလေး အီရှန့် (Ishank) သည် သီရိလင်္ကာနိုင်ငံရှိ တာလိုင်မာနာ (Talaimannar) မှ အိန္ဒိယနိုင်ငံရှိ ဒါနွတ်ရှ်ကိုဒီ (Dhanushkodi) အထိ ၂၉ ကီလိုမီတာခန့်ရှိသော ရေပြင်လမ်းကြောင်းကို ၉ နာရီနှင့် မိနစ် ၅၀ ဖြင့် ရေကူးဖြတ်သန်းနိုင်ခဲ့ကြောင်း News.Az က သတင်းဖော်ပြခဲ့သည်။ ဤစွမ်းဆောင်မှုကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

     ဤစွမ်းဆောင်မှုကြောင့် ၎င်းသည် အဆိုပါရေလက် ကြားကို ရေကူးဖြတ်သန်းနိုင်သည့် ကမ္ဘာ့အသက်အငယ်ဆုံး ရေကူးသမားအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး Universal Records Forum ထံမှ “Youngest and Fastest Palk Strait Swimmer” (ပေါ့ခ်ရေလက် ကြားကို ဖြတ်သန်းနိုင်သည့် အသက်အငယ်ဆုံးနှင့် အမြန်ဆုံးရေကူးသမား) ကမ္ဘာ့စံချိန်တင်လက်မှတ်ကို ရရှိခဲ့သည်။

     ပေါ့ခ်ရေလက်ကြား (Palk Strait) သည် ပြင်းထန်သော ရေစီးကြောင်းများနှင့် ရေရှည်ခံနိုင်ရည် စိန်ခေါ်မှုများရှိသည့် ခက်ခဲသော ပင်လယ်ပြင်အခြေအနေများကြောင့် လူသိများသည်။ အီရှန့်၏ အောင်မြင်မှုမှာ ၎င်း ၏အသက်အရွယ်နှင့်ဆိုလျှင် အလွန်ရှားပါးသော အောင်မြင်မှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိ အမှတ်ပြုခြင်း ခံနေရသည်။

     သတင်းများအရ ဤရေကူးသမားငယ်လေးသည် လပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရပြီး ရန်ချီမြို့ရှိ Dhurwa ဆည်တွင် နေ့စဉ် ၄ နာရီမှ ၅ နာရီအထိ လေ့ကျင့်ခဲ့ကြောင်း သိရသည်။ ၎င်းကို နည်းပြများဖြစ်ကြသော Aman Kumar Jaiswal နှင့် Bajrang Kumar တို့က ပင်လယ်ပြင်ရေကူးခြင်း၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် ပြင်ဆင်ပေးခဲ့ကြသည်။

     ကျောင်းတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများကလည်း ဤအောင်မြင်မှုမှာ ကျောင်း၊ ရန်ချီမြို့နှင့် နိုင်ငံအတွက်ပါ ဂုဏ်ယူစရာအခိုက်အတန့်ဖြစ်ကြောင်း ချီး ကျူးခဲ့ကြသည်။ ခက်ခဲသော ပင်လယ်ပြင်လမ်း ကြောင်းကို ဖြတ်သန်းနိုင်ခြင်းမှာ ထူးခြားသော စည်း ကမ်းလိုက်နာမှု၊ သတ္တိနှင့် စိတ်ပိုင်းဖြတ်မှုတို့ကို ထင် ဟပ်စေကြောင်း ကျောင်းအုပ်ကြီးက ပြောကြားခဲ့သည်။

     ထို့ပြင် အီရှန့်၏ အောင်မြင်မှုသည် စိတ်အားထက် သန်မှုနှင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးမှုတို့ရှိပါက ကျောင်းသားငယ်လေးများအနေဖြင့် ထူးခြားသော ရည်မှန်းချက်များကို အောင်မြင်နိုင်ကြောင်း သက်သေ ပြလိုက်ခြင်းဖြစ်ပြီး အခြားသူများအတွက်လည်း စိတ် ဓာတ်ခွန်အား ဖြစ်စေလိမ့်မည်ဟု ၎င်းက ဆိုသည်။

     ဤကမ္ဘာ့စံချိန်တင် ရေကူးမှုကြောင့် အားကစားသမားငယ်လေးမှာ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ၎င်း၏စွမ်းဆောင်မှုမှာ မကြာသေးမီနှစ်များအတွင်း ကလေးရေကူးသမားတစ်ဦး၏ အထူးခြားဆုံး ခံနိုင်ရည်စွမ်းဆောင်မှုတစ်ခုအဖြစ် ဂုဏ်ပြုခြင်း ခံနေရသည်။

​#Ishank #WorldRecord #YoungestSwimmer #Inspiration #PalkStrait #India #SriLanka #PositiveAngleNews #GoodNews

Telegram»…
https://t.me/positiveanglenews

#PAN