
(နိုင်ငံတကာ)မေ ၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပုပ်ရဟန်းမင်း ကြီးအပေါ် အကြိမ်ကြိမ် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပျက်စီးနေသော ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် ကြိုးပမ်းသည့်အနေဖြင့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ဆက်မြောက်နှင့် တွေ့ဆုံရန် ဗာတီကန်သို့ ရောက်ရှိလာခဲ့သည်။
ကြာသပတေးနေ့တွင် ပြုလုပ်မည့် အဆိုပါ တံခါးပိတ်တွေ့ဆုံမှုမှာ မိနစ် ၃၀ ခန့် ကြာမြင့်မည်ဟု မျှော် လင့်ရပြီး၊ ထို့နောက် ရူဘီယိုသည် ဗာတီကန်နိုင်ငံခြား ရေးဝန်ကြီး ကာဒီနယ် ပီထရို ပါရိုလင်နှင့် ဆက်လက်တွေ့ဆုံမည်ဖြစ်သည်။
ယခုတွေ့ဆုံမှုသည် တစ်နှစ်နီးပါးကာလအတွင်း ပုပ်ရဟန်း မင်းကြီးနှင့် ထရန့်အစိုးရအဖွဲ့ဝင်တစ်ဦးအကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။ ပါရိုလင်က ဤတွေ့ဆုံမှုကို အမေရိကန်ဘက်က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်း ကြီးအနေဖြင့် ရူဘီယို ပြောကြားမည့်အချက်များကို ဂရုတစိုက် နားထောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်ဆင်နွှဲမှုကို ပုပ်ရဟန်းမင်းကြီးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ထရန့်က ၎င်းအား လူသိရှင်ကြား တိုက်ခိုက်ပြောဆိုမှုများ ပြုလုပ်ခဲ့သဖြင့် နှစ်ဖက်ဆက်ဆံရေးမှာ သိသိသာသာ ဆိုးရွားသွားခဲ့သည်။ ယင်းကဲ့သို့ ထရန့် ၏ တိုက်ခိုက်မှုများမှာ နိုင်ငံရေးနယ်ပယ်အသီးသီးရှိ ခရစ်ယာန်ခေါင်းဆောင်များအကြားတွင်လည်း တုံ့ ပြန်မှုများ ထွက်ပေါ်စေခဲ့သည်။
အလတ်တလော ထရန့်၏ တိုက်ခိုက်မှုမှာ တနင်္လာ နေ့က ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းက ပုပ်ရဟန်းမင်း ကြီးသည် စစ်ပွဲကို ဆန့်ကျင်ခြင်းဖြင့် “ကက်သလစ်ဘာသာဝင် အများအပြားကို အန္တရာယ်ဖြစ်စေနေ သည်” ဟု စွပ်စွဲခဲ့သလို၊ အီရန်က နျူကလီးယားလက် နက် ပိုင်ဆိုင်ခြင်းကို ပုပ်ရဟန်း မင်းကြီးက လက်ခံနေသည်ဟု အခြေအမြစ်မရှိဘဲ ပြောဆိုခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယိုကမူ ၎င်းသည် နျူကလီး ယားလက်နက်ကို ထောက်ခံသည်ဆိုသည့်အချက်ကို ငြင်းဆိုထားပြီး၊ နျူကလီးယားလက်နက်များမှာ ကိုယ်ကျင့်တရားအရ မှားယွင်းကြောင်း ကက်သလစ်အသင်းတော်က သွန်သင်ထားသည်။
“အသင်းတော်ရဲ့ မစ်ရှင်က ဧဝံဂေလိတရားနဲ့ ငြိမ်း ချမ်းရေးအကြောင်းကို ဟောပြောဖို့ဖြစ်ပါတယ်။ အသင်းတော်အနေနဲ့ နျူကလီးယားလက်နက် အားလုံးကို နှစ်ပေါင်းများစွာကြာအောင် ဆန့်ကျင်ပြောဆိုလာခဲ့တာ သံသယဖြစ်စရာ မလိုပါဘူး” ဟု ပုပ်ရဟန်းမင်း ကြီးက မိန့်ကြားခဲ့သည်။
ဗာတီကန်ဆိုင်ရာ အမေရိကန်သံအမတ် ဘရိုင်ယန် ဘာ့ချ်က ပုပ်ရဟန်းမင်းကြီးနှင့် ရူဘီယိုတို့၏ ဆွေး နွေးမှုမှာ “ပွင့်လင်းမှုရှိလိမ့်မည်” ဟု အင်္ဂါနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့ပြင် ရူဘီယိုသည် ပုပ်ရဟန်းမင်း ကြီးဘက်မှ ခုခံကာကွယ်ပေးနေသည့် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနှင့်လည်း တွေ့ဆုံရန် ရှိနေသည်။
ဗုဒ္ဓဟူးနေ့တွင် ပါရိုလင်က ပုပ်ရဟန်းမင်းကြီးအပေါ် ထရန့်၏ တိုက်ခိုက်မှုများမှာ “ထူးဆန်းနေ သည်” ဟု မှတ်ချက်ပြုခဲ့သော်လည်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝေဖန်သုံးသပ်ချက်များ မပြုလုပ်လိုကြောင်း ဆိုသည်။
အမေရိကန်နိုင်ငံသားအဖြစ် ပထမဆုံး ပုပ်ရဟန်းမင်း ကြီး ဖြစ်လာခဲ့သူ လီယိုသည် လာမည့်သောကြာ နေ့တွင် အသင်းတော်ကို ဦးဆောင်ခဲ့သည့် တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်ရာ၊ ဤခရီးစဉ်သည် ဝါရှင်တန်နှင့် ဗာတီကန်အကြား အဆင်မပြေမှုများကို ပြေလည်စေမည့် အခွင့် အလမ်းတစ်ခုအဖြစ် ရှုမြင်ခံနေရသည်။
#Vatican #PopeLeo #MarcoRubio #Trump #USDiplomacy #CatholicChurch #BreakingNews #PositiveAngleNews #MiddleEastConflict
Telegram»…
https://t.me/positiveanglenews
#PAN