ထိုင်းနိုင်ငံ သံစက်ရုံ လုပ်ငန်းခွင်၌ မ‌တော်တဆမှုကြောင့် မြန်မာလုပ်သားတစ်ဉီးသေဆုံး

(နိုင်ငံတကာ)မေ ၇

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံစက်ရုံလုပ်ငန်းခွင်၌ အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက် နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မခိုင်သဇင်ဝင်းသည် အလုပ်လုပ်ကိုင်နေစဥ် သံစည်းနှင့်ရိုက်မိရာမှ ပြင်းထန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ‌သေဆုံးသွားခဲ့ကြောင်းသိရသည်။ မခိုင်သဇင်ဝင်း၏ ရုပ်အလောင်းအား ဘန်ဖီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မခိုင်သဇင်ဝင်းသည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ကော်မြို့၊ သ‌‌ရက်တောရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး သေဆုံးသူ မခိုင်သဇင်ဝင်း၏ မိသားစုဝင်များ အကူညီတောင်းခံမှုများကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ယနေ့ မေ ၇ ရက်တွင် ကူညီမှုများပြုလုပ်ပေးခဲ့ပြီး စက်ရုံပိုင်ရှင်မှ သူဆုံးသူအတွက် တာဝန်ယူဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။