
(နိုင်ငံတကာ)မေ ၅
ဟော်မုဇ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်နေသော်လည်း အီရန်နှင့်ချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေးမှာ “မပြီးဆုံးသေး” ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆက်သ်က ပြောကြားခဲ့ပြီး၊ အခြေအနေ ပိုမိုဆိုးရွားလာမှုများသည် “အပစ်ရပ်မှုကို ချိုးဖောက်ခြင်း” ဟုတ်မဟုတ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်မည် ဖြစ် ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ဟော်မုဇ်ရေလက်ကြားအတွင်းရှိ သင်္ဘောများကို လမ်းပြခေါ်ဆောင်ပေးရန် အမေရိကန်စစ်တပ်က စတင်လုပ်ဆောင်ပြီး တစ်ရက်အကြာတွင် အမေရိကန် ကာ ကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆက်သ်က ဤလုပ် ဆောင်ချက်သည် ယာယီသာဖြစ်ပြီး ဒေသတွင်းရှိ အခြားစစ်ဆင်ရေးများနှင့် “သီးခြားစီဖြစ်ကာ ကွဲပြားကြောင်း” ပြောကြားခဲ့သည်။ တနင်္လာ နေ့တွင် အမေရိကန်ကုန် သွယ်ရေးသင်္ဘော နှစ်စင်း ဖြတ်သန်းနိုင်ခဲ့ခြင်းက ယင်းလမ်းကြောင်း “ရှင်းလင်းနေသည်” ကို သက်သေပြနေကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် “အပစ်အခတ်ရပ်စဲရေးသည်လည်း မပြီးဆုံးသေးပါ” ဟု ၎င်းက ဆိုသည်။
သို့သော် အီရန်ဘက်ကမူ ၎င်းတို့သည် ရေလက် ကြားကို အပြည့်အဝထိန်းချုပ်ထားကြောင်း အခိုင် အမာဆိုထားသည်။ အမေရိကန်၏ အဆိုအရ အီရန်သည် မနေ့က စစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အပစ်အခတ်ရပ်စဲရေး စတင်ကတည်းက အီရန်သည် ကုန်သွယ်ရေးသင်္ဘောများကို ၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး ကုန်သေတ္တာတင်သင်္ဘော ၂ စင်းကို သိမ်းဆည်းခဲ့သည်။ ထို့ပြင် အမေရိကန်တပ်ဖွဲ့ဝင်များကို ၁၀ ကြိမ်ထက်မက တိုက်ခိုက်ခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက ပြောကြားခဲ့သည်။ ရေလက်ကြားအတွင်း တစ်ရက်တာ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် သင်္ဘောသွားလာရေး လုံခြုံမှုကို ခြိမ်းခြောက်နေကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုခဲ့ပြီး “ကျွန်တော်တို့ ဘာမှတောင် မစရသေးဘူး” ဟု ထည့် သွင်းပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများ ရှိနေသော်လည်း ယင်းလုပ် ရပ်များသည် “အကြီးစားစစ်ဆင်ရေးများကို ပြန်လည်စတင်ရမည့် အဆင့် (Threshold) သို့ ရောက်ရှိခြင်း မရှိသေးကြောင်း” ဗိုလ်ချုပ်ကြီး ကိန်းက ပြောကြားခဲ့သည်။
စစ်ရေးတင်းမာမှုများကြောင့် အမေရိကန်ပြည် တွင်း၌ ဓာတ်ဆီဈေးနှုန်းမှာ စစ်ပွဲစတင်ချိန်မှစ၍ ၅၀ ရာခိုင် နှုန်းအထိ မြင့်တက်လာခဲ့သည်။ စျေးနှုန်းကြီးမြင့်မှုနှင့် ရေနံပြတ်လပ်မှု စိုးရိမ်ချက်များကြောင့် စားသုံးသူများက သုံးစွဲမှုလျှော့ချလာသဖြင့် ကမ္ဘာ့ရေနံ ဝယ်လို အားမှာ ကိုဗစ်ကပ်ရောဂါကာလပြင်ပတွင် အမြန်ဆုံးနှုန်းဖြင့် ကျဆင်းနေကြောင်း စီးပွားရေးကျွမ်းကျင်သူ များက သတိပေးထားသည်။
#HormuzStrait #PeteHegseth #DanCaine #USIranConflict #ProjectFreedom #OilPrice #PositiveAngleNews #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN