
(ပြည်တွင်း) မေ ၅
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးတာဝန်ရှိသူများသည် မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့ မုံရွာကုန်စည်ဒိုင် အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ၊ မဟာကထိန်တော်အသင်းနှင့် မုံရွာကုန်စည်ဒိုင် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ တင်ပြချက်များကို လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဆွေးနွေးခဲ့ပြီး လွှတ်တော်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။