သံတောင်ကြီး ဗဟင်းအခြေစိုက် KNUစခန်းနှင့် နေပြည်တော် သစ်အယ်တောင် PDF စခန်းအား တပ်တော်မှ ရှင်းလင်း

(မှုခင်း) ဧပြီ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အနီးရှိိ ဗဟင်းအခြေစိုက် KNUစခန်းအား တပ်မတော်လေမှ ဗုံးကြဲတိုက်ခိုက်ရာ PDFအမျိုးသမီးဆေးတပ်သားအပါဝင် ၂၀ဥိးခန့်သေဆုံးကြောင်း သိရသည်။

ဧပြီလ (၂၇)ရက်နေ့တွင် တပ်မတော်လေမှ သံတောင်ကြီးမြို့နယ်အတွင်းရှိ ဗဟင်းအခြေစိုက်KNUစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေပြည်တော် PDF (၈၀၁)တပ်ရင်း၌ တာဝန်ထမ်းဆောင်နေသော အသက်၂၅နှစ်အရွယ် ဆေးတပ်သား ရဲမေ ဒေါရစ်အပါဝင် ၂၀ဦးခန့် သေဆုံးခဲ့ရကြောင်း ကရင်နီအခြေစိုက် သတင်းအရင်းအမြစ်အရ သိရသည်။

အလားတူ နေပြည်တော် လယ်ဝေး အရှေ့တောင်ခြမ်း သစ်အယ်တောင် PDF စခန်းအား တပ်မတော်မှ ပိတ်ဆို့တိုက်ခိုက်ရာ PDF ၁၀ လောင်း ၊ လက်နက် ၁၀၉ လက် နှင့် ခဲယမ်း ၊ ဗုံးသီး ၊ မိုင်း ၊ ယူနီဖောင်းနှင့်စစ်ဝတ်အများအပြားသိမ်းဆည်းမိခဲ့ကြောင်း သိရသည်။