(ပြည်တွင်း) ဧပြီ ၂၉
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်၍ အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် ပြည်ပနိုင်ငံသား (၁၄) ဦးကမား နိုင်ငံတော်အစိုးရမှ သက်ဆိုင်ရာနိုင်ငံများသို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ေကြာင်းသိရသည်သည်။
၎င်းတို့သည် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သူများ ဖြစ်ပြီး အိန္ဒိယနိုင်ငံသား (၄) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၄) ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၃) ဦးတို့အပြင် ဘူရွန်ဒီ၊ ရဝမ်ဒါနှင့် လာအိုနိုင်ငံသား (၁) ဦးစီ ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် အွန်လိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသား (၁,၂၀၇) ဦး ရှိနေပြီး ယင်းတို့အနက်မှ (၄၆၁) ဦးမှာ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီး ကျန်ရှိသည့် (၇၄၆) ဦးမှာမူ မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများအရ အရေးယူခြင်း ခံထားရသူများ ဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့လုပ်ဆောင်မှုသည် မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ လျော့နည်းပပျောက်စေရန် ဆောင်ရွက်နေသည့် ပြယုဂ်တစ်ခုဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခံရမှုများမှ ကာကွယ်နိုင်ရန် သတိပြုရမည့် အခြေအနေလည်း ဖြစ်ပါသည်။

#PAN