(ပြည်တွင်း) ဧပြီ ၂၉
မိုင်းရှူးမြို့ ပတ္တမြားခန်းမတွင် ယနေ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးတာဝန်ရှိသူများ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနော်ခမ်းနှင့် ဦးကျော်ကျော်နိုင်တို့ တက်ရောက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဦးစီးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာအုပ်စုတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက အစိုးရရက်(၁၀၀)စီမံကိန်းအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများနှင့် Clean and Green City စီမံကိန်းဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် အစိုးရရက်(၁၀၀)စီမံကိန်းအောက်တွင် ဆောင်ရွက်လျက်ရှိသော မိုင်းရှူးမြို့ လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ အားပေးခဲ့ကြောင်းလည်း သိရသည်။




#PAN