(ပြည်တွင်း) ဧပြီ ၂၉မိ
တ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက်၊ ဩဇာခြံနယ်မြေရှိ ကန်တော်မင်္ဂလာခန်းမတွင် ဧပြီ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ မိတ္ထီလာရှိ ဌာနဆိုင်ရာများ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အတူ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်မှ လွှတ်တော်အဆင့်ဆင့် ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တက်ရောက်လာသူများမှ တစ်ဦးချင်း မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိသော ရက်(၁၀၀)စီမံကိန်း လုပ်ငန်းစဥ်များ၊မန္တလေးတိုင်းဒေသကြီးအစိုးရမှ ချမှတ်ဆောင်ရွက်လျက်ရှိသော ရက်(၁၀၀)စီမံချက်ပါ လုပ် ငန်းစဥ်များအားအောင်မြင်ပြီးမြောက်အောင်ဆောင်ရွက်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် ညှိနှိုင်းတိုင်ပင်၍ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဦးအောင်ကျော်မိုးက ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။






#PAN