မိုးလေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်း သစ်ပင်လဲကျမှုများ ရှင်းလင်းဆောင်ရွက်

(မိုး/ဇလ) ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ ဧပြီလ၂၈ရက်နေ့ နေ့လည် ၁နာရီ ၄၀မိနစ်ခန့် အချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ လေပြင်းတိုက်မှုကြောင့် ပြည်တော်သာရပ်ကွက်၊ တမ္ပဝတီရပ်ကွက်နှင့် သာယာအေးရပ်ကွက်များတွင် သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၉ ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ် အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့သည်။

အဆိုပါ ရှင်းလင်းရေးလုပ်ငန်းများကို မွန်းလွဲ ၁၀နာရီ ၅၀ မိနစ် အချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းဆုံးရှုံးမှုများ မရှိကြောင်း သိရသည်။

#PAN