ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးလောင်မှုကြောင့် လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး

(မှုခင်း)ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြိး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်(၅၇) ရပ်ကွက်၊ မြလမ်းရှိ နေအိမ်တစ်လုံးတွင်ယနေ့နံနက်အစော ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါမီးလောင်မှူကြောင့် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လက်ရှိကြောင်း သိရသည်။

#PAN