(မှုခင်း)ဧပြီ ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သစ်သီးတင်ဆောင်လာသည့်မော်တော်ယာဉ်တစ်စီးသည် အရှိန်လွန်ကာ လမ်းဘေးရှိ ကုက္ကိုလ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၇ နာရီအချိန်ခန့်က ပေါင်မြို့နယ် ဖြူဘကျေးရွာ၊ အင်းပြောင်လမ်းဆုံတွင် ရေးမြို့နယ်ဘက်မှ သစ်သီးတင်ဆောင်လာသည့်မော်တော်ယာဉ်သည် အရှိန်လွန်ကာ လမ်းဘေးရှိ ကုက္ကိုပင်အား ဝင်တိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဥ်မောင်းဖြစ်သူတွင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ယာဉ်ရှေ့ခန်းတွင် လိုက်ပါလာသည့် အမျိုးသမီးမှာ သေဆုံးခဲ့ပြီး ၎င်း၏သားဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#PAN