မိချောင်းကိုက်ခံရသဖြင့် သေဆုံးသူ၏ မိသားစုအား ထောက်ပံ့ငွေ ပေးအပ်

(ပြည်တွင်း) ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်တွင် မိချောင်းကိုက်ခံရသဖြင့် သေဆုံးသွားသူ၏ မိသားစုအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသည် ၂၇ ရက်နေ့တွင် မိန်းမလှကျွန်းရှိ မဲချောင်းအတွင်း မိချောင်းကိုက်ခံရသဖြင့် သေဆုံးခဲ့သူ၏ မိသားစုအား ထောက်ပံ့ကူညီရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် သေဆုံးသူ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သေဆုံးသူ၏ မိသားစုအား ငွေကျပ် (၃) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

#PAN