အလုပ်သမား ကြို/ပို့ကားတစ်စီး နောက်ဘီးကျွတ်ထွက်ပြီး တိမ်းမှောက်ရာ ၁၅ ဦး ဒဏ်ရာရ

(ပြည်တွင်း) မတ်လ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အနီးတွင် အလုပ်သမား ကြို/ပို့ကားတစ်စီး နောက်ဘီးကျွတ်ထွက်တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ (၂၀) နေ့ည ၈နာရီအချိန့်က ခရမ်းသုံးခွလမ်းမ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အနီးတွင် Bongo ကြို/ပို့ကားသည် အလုပ်ပြီးပြန်လာသူများအားပြန်ပို့စဥ် နောက်ဘီးကျွတ်၍ တိမ်းမှောက်ခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)ထံမှ သိရသည်။

အဆိုပါ ယာဥ်မတော်တဆမှု့ကြောင့် အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၉)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက သန်လျင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။