အကြမ်းဖက် PDFများမှ ပြည်ခိုင်ဖြိုးပါတီ အမာခံဝန်းရံသူများအား စစ်တပ်အမာခံ ဒလန်ဟုဆိုကာ ဖမ်းဆီးမှုများလုပ်ဆောင်လျက်ရှိ

(မှုခင်း) ဧပြီ ၉

မကွေးတိုင်းဒေသကြီး ၊မင်းဘူးမြို့နယ် မင်းရွာကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝန်းရံထောက်ခံသူများအား အကြမ်းဖက်PDFအဖွဲ့က လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

ဧပြီလ ၇ရက်နေ့ ည၇နာရီ အချိန်ခန့်၌ မင်းရွာကျေးရွာမှ ကိုအောင်ဇော်မင်း (ဘ)ဦးထွန်းမြင့် အသက် ၄၆ နှစ် ပြည်ခိုင်ဖြိုးပါတီ အမာခံဝန်းရံသူအား အကြမ်းဖက် PDF ၂၀ဦးခန့်မှ စစ်တပ်သတင်းပေးဟုဆိုကာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး အခြားပြည်ခိုင်ဖြိုးပါတီဝန်းရံသူများကိုလည်း စာရင်းဖြင့်လိုက်လံဖမ်းဆီးရာ ဖမ်းဆီးရမိသွားခြင်းမရှိကြောင်း သိရသည်။

အဆိုပါ မင်းရွာသည် ပြည်ခိုင်ဖြိုးပါတီ အမာခံရွာဖြစ်၍ ရွေးကောက်ပွဲကျင်းပသည့်အကြိမ်တိုင်း မဲအမြဲနိုင်သည့်ရွာဖြစ်သဖြင့် အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေသဖြင့်
ပါတီအမာခံများ တိမ်းရှောင်လျက်ရှိရာ ၁ နှစ်ကျော်ကြာပြီဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂ ရက်နေ့၌ မင်းရွာ ပေကုန်း မယှက် ဖြူကုန်းကျေးရွာများသို့ တပ်မတော်မှ စစ်ကြောင်းထိုးဝင်‌ရောက်စဥ် အကြမ်းဖက်များ ထွက်ပြေး​တိမ်းရှောင်သွားကြပြီး ဧပြီလ ၃ ရက်နေ့ စစ်ကြောင်းပြန်ချိန်တွင် အကြမ်းဖက်များ ပြန်လည်ဝင်‌ေရာက်လာကာ ပြည်ခိုင်ဖြိုးပါတီအမာခံများ နှင့် တပ်မတော်မိသားစုဝင်များအား အကြမ်းဖက်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကို ပိုမိုပြုလုပ်လာကြောင်းသိရသည်။