တာချီလိတ်မြို့၌  ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိ

(ပြည်တွင်း) မတ် ၂၂

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ရာမှ ကျပ် ၉ ဘီလီယံနီးပါး တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို သိမ်း ဆည်းရမိခဲ့သည်။

     ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ပိတောက်လမ်း၊ မြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာ ဖွယ်မော်တော် ယာဉ် ၃ စီးရပ်တန့်ထားကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရှာဖွေရာ Toyota Fortuners အမျိုးအစား (လိုင်စင်မဲ့)အဖြူရောင်  မော်တော်ယာဉ်ပေါ်မှ WY  စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၀ လုံး (ဆာလာအိတ် ၁ လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွ ရူးသွပ်ဆေးပြားသိန်း ၆၀ ပြား၊ Toyota Hilux Single Cub အမျိုးအစား(လိုင်းစင်မဲ့) ခဲရောင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ် ကြွရူးသွပ်ဆေးပြားများ  ထည့်ထားသည့် ဆာလာ အိတ် ၃၇ လုံး (ဆာလာ အိတ် ၁ လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွရူးသွပ်ဆေးပြား ၇၄ သိန်းပြားနှင့် Ford အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများထည့်ထားသည့်  ဆာလာ အိတ် ၂၂ လုံး (ဆာလာ အိတ် ၁ လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွ ရူးသွပ်ဆေးပြား ၄၄ သိန်းပြား၊ စုစုပေါင်း WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်းပြား( ခန့်မှန်းငွေကျပ် ၈ ဒသမ ၉  ဘီလီယံ ကျော်)  တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ 

     အဆိုပါသိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မော်တော်ယာဉ်များအား  လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရား ခံများ အား ဖမ်းဆီးရမိရေး   ပူးပေါင်းအဖွဲ့ဖြင့် ဆက် လက်ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။ 

#PositiveAngle #TachileikDrugBust #NarcoticsAlert #WYYaba #MyanmarSafety #BreakingNews

Telegram»…
https://t.me/positiveanglenews
#PAN