ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက် ကြားကို ၄၈ နာရီအတွင်း အပြီးဖွင့်ရန် ရာဇသံထုတ်ပြန် သို့မဟုတ်ပါကအီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်

(နိုင်ငံတကာ)မတ် ၂၂

     အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် စတုတ္ထမြောက်ပတ်သို့ ရောက်ရှိလာချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်က အလွန်ပြင်းထန်သော စစ်ရေးရာဇသံတစ်ခုကို ထုတ်ပြန်လိုက်သည်။

     ကမ္ဘာ့ရေနံသွေးကြောဖြစ်သော ဟော်မုဇ်ရေလက် ကြား(Strait of Hormuz)အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို လာမည့် ၄၈ နာရီအတွင်း အပြည့်အဝ ပြန်လည်မဖွင့်ပေးပါက အီရန်နိုင်ငံတစ်ဝန်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက် ခိုက်ဖျက်ဆီးမည်ဟု ထရမ့်က ခြိမ်းခြောက်လိုက်သည်။

     ၎င်း၏ Truth Social လူမှုကွန်ရက်တွင် “သူတို့ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသီးသီးကို ချေမှုန်းပစ်မယ်၊ အကြီးဆုံးစက်ရုံကနေ စတင်ပြီး တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်မှာပါ” ဟု ရေးသားခဲ့သည်။ ဤလုပ်ရပ်သည် အီရန်နိုင်ငံကို အမှောင်ကျသွားစေရန်နှင့် စီးပွား ရေးအရ လုံးဝရပ်ဆိုင်းသွားစေရန် ရည်ရွယ်သည့် ဗျူဟာဖြစ်သည်။

     အီရန်စစ်တပ်ကလည်း ချက်ချင်းတုံ့ပြန်ရာတွင်  အကယ်၍ အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ အမေရိကန်ပိုင် စွမ်းအင်နှင့် ရေချိုထုတ်လုပ်ရေးစက်ရုံများ အားလုံးကို ပစ်မှတ်ထားကာ ပြန်လည်လက်တုံ့ပြန်သွားမည်ဟု ဆိုသည်။

     ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် ဂတ်စ် သုံးစွဲမှု ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ နေရာဖြစ် သည်။ အဆိုပါ လမ်းကြောင်း ပိတ်ဆို့နေမှုနှင့် စစ်ပွဲသတင်းများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ အဆ မတန် မြင့်တက်နေပြီး နိုင်ငံတကာ စတော့ဈေးကွက်များလည်း ထိုးဆင်းနေသည်။

#PositiveAngle #TrumpVsIran #HormuzCrisis #EnergyWar2026 #WarUpdate #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN