
(နိုင်ငံတကာ)မတ် ၈
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးအရှိန်အတိုင်း အနည်းဆုံး (၆) လကြာ အပြည့် အဝစစ်ပွဲ (Full-scale War) ကို ဆက်လက်ဆင်နွှဲနိုင်သည့် စွမ်းရည်ရှိကြောင်း ယနေ့ (မတ်လ ၈ ရက်) တွင် တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။
အီရန်စစ်တပ်သည် လက်ရှိအတိုင်း ပြင်းထန်သော စစ်ဆင်ရေးများကို အနည်းဆုံး ၆ လအထိ ထိန်းထားနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ နာအီနီက ပြောကြား လိုက်ခြင်းဖြစ်သည်။ “ကျွန်ုပ်တို့မှာ အမြဲတမ်း အစီအစဉ် (Action Plan) ရှိပြီးသားပါ။ ရေရှည်စစ်ပွဲအတွက်လည်း အသင့်ပါပဲ။” ၎င်းကဆိုသည်။
ယခုအချိန်အထိ အီရန်အနေဖြင့် ပထမနှင့် ဒုတိယမျိုးဆက် ဒုံးကျည်များကိုသာ အသုံးပြုရသေးပြီး၊ လာမည့်ရက်ပိုင်းအတွင်း “အဆင့်မြင့်ပြီး အသုံးနည်းသေးသည့် တာဝေးပစ်ဒုံးကျည်များ” ကို စတင်အသုံးပြုသွားမည်ဟု သတိပေးလိုက်သည်။
မတ်လ ၆ ရက်နေ့က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က “အီရန်စစ်တပ်ဟာ ပြိုလဲလုနီးပါး ဖြစ်နေပြီ” (Iran’s military is on the brink of collapse) လို့ ပြောဆိုချက်ကို ငြင်းဆိုလိုက်ခြင်းဖြစ်ပြီး၊ အီရန်သည် ရေရှည်စစ်ပွဲအတွက် အသင့်ရှိနေကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ထရမ့်က အီရန်စစ်တပ် ပြိုလဲနေပြီဟု ဆိုသော်လည်း အီရန်ဘက်က ပြင်းထန်သော လက်တုံ့ပြန်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်။
အီရန်၏ ထုတ်ပြန်ချက်သည် အစ္စရေးနှင့် အမေရိကန်၏ စွမ်းအင်ကဏ္ဍ တိုက်ခိုက်မှုများအပေါ် စိတ် ဓာတ်မကျကြောင်း ပြသသည့် “စိတ်ဓာတ်စစ်ဆင်ရေး (Psychological Warfare)” တစ်ခု ဖြစ်သည်။ အကယ်၍ ဤစစ်ပွဲသည် ၆ လအထိ အမှန်တကယ် ကြာမြင့်သွားပါက ကမ္ဘာ့စီးပွားရေးနှင့် ရေနံဈေးကွက်အပေါ် ကုစားမရနိုင်သော ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
#PositiveAngle #IranIsraelWar #EnergyCrisis #BreakingNews #Tehran #Haifa #OilPrices
Telegram»…
https://t.me/positiveanglenews
#PAN