MNA လေယာဉ်အား တိုက်ခိုက်ခဲ့ခြင်းသည် war crime လုပ်ရက်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်

(ပြည်တွင်း)ဖေ‌ဖော်ဝါရီ ၂၃

KIA နှင့် PDF အကြမ်းဖက်သမားများက မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာရန် ခရီးသည်များ တင်ဆောင်ထားသည့် MNA လေယာဉ်အား မြစ်ကြီးနား လေဆိပ်၌ ဖေဖော်ဝါရီ၂၀ရက်နေ့ ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် FPV Suicide Droneဖြင့် တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ခရီးသွားများအား ဘေးကင်းရာသို့ အမြန်ရွှေ့ပြောင်း ကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

အပြစ်မဲ့ ခရီးသွားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်၍ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက်လေကြောင်းလိုင်းနှင့် အပြစ်မဲ့ခရီးသွားပြည်သူများအား ရည်ရွယ်ချက်ရှိစွာဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇာဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ထိရောက်သည့် တုံပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။