

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၃
မက္ကဆီကိုနိုင်ငံ အစိုးရမှ Jalisco New Generation Cartel မူးယစ်ဂိုဏ်း၏ ခေါင်းဆောင် El Mencho အား ရှင်းပြစ်နိုင်ခဲ့ပြီဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် မက္ကဆီကိုနိုင်ငံတစ်ဝှမ်း၌ ကားများနှင့် အဆောက်အအုံများအား လက်နက်ကိုင်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြသည်။
“El Mencho” ဟု လူသိများသော Nemesio Oseguera Cervantes သည် မက္ကဆီကို၏ အစွမ်းထက်ဆုံး မူးယစ်ဂိုဏ်းများထဲမှ တစ်ခုဖြစ်သည့် Jalisco New Generation Cartel ၏ ရေရှည်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံ၏ အပြင်းထန်ဆုံး ရာဇဝတ်ကောင်များထဲမှ တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရသူဖြစ်သည်။
“EI Mencho” အား မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များမှ တနင်္ဂနွေနေ့၌ လူဦးရေ၂၀,၀၀၀ ခန့်ရှိသောအနောက်ဘက်ကမ်းရိုးတန်းပြည်နယ် ဂျာလစ်စကိုရှိ တာပါပါမြို့တွင် ဖမ်းဆီးခဲ့ကြောင်း အစိုးရ၏ ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
“El Mencho” သည်စစ်ဆင်ရေးတွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူေနစဥ် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းသေဆုံးပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ မူးယစ်ဂိုဏ်းဝင်များမှ မငြိမ်မသက်ဖြစ်စေရန် အင်အားပြမှုတစ်ခု၌ မီးလောင်မှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေခဲ့သည်။
“EI Mencho” သည် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချခြင်း၊ ဒေသခံစီးပွားရေးလုပ်ငန်းများကို ခြိမ်းခြောက်ခြင်းနှင့် နိုင်ငံတစ်ဝှမ်းရှိ အသိုင်းအဝိုင်းများအား အကြမ်းဖက်ခြင်းတို့ကို လုပ်ဆောင်ခြင်းကြောင့် မက္ကဆီကိုအစိုးရ၏ အလိုရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။
“El Mencho” အားသတ်ဖြတ်မှုသည် မက္ကဆီကိုနိုင်ငံအား အကြမ်းဖက်မှုများ ပိုမိုမြင့်တက်လာစေနိုင်သည့် အလွန်တင်းမာသော အခိုက်အတန့်တစ်ခုသို့ တွန်းပို့ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးခြင်းသည် အစိုးရနှင့် မူးယစ်ဂိုဏ်းများအကြား စစ်ပွဲများကိုဖြစ်ပေါ်စေသည်။
ထိုအမှုသည် မက္ကဆီကိုတစ်ဝှမ်းတွင် အလျင်အမြန် အကြမ်းဖက်မှုများ ဖြစ်ပွားလာ စေပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်များတွင် လက်နက်ကိုင်အဖွဲ့များသည် လမ်းများကို ပိတ်ဆို့ကာ စူပါမားကတ်များ၊ ဘဏ်များနှင့် ယာဉ်များကို မီးရှို့ခဲ့ကြပြီး နိုင်ငံ၏ မကြာသေးမီက သမိုင်းတွင် အကျယ်ပြန့်ဆုံး ဆူပူအုံကြွမှုတစ်ခု ဖြစ်ေစခဲ့သည်။