
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၃
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံကို အခြေပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ကျတုကျတ်ဒေသရှိ ဆောက်လက်စ ထိုင်းအစိုးရ၏ နိုင်ငံတော်ငွေစာရင်းစစ်ရုံးချုပ်သစ် တိုက်ပြိုကျမှုအတွင်း အသက်သေဆုံးခဲ့သည့် မြန်မာလုပ်သား၏ ရသင့်ရထိုက်သော နစ်နာကြေးများ ထုတ်ယူနိုင်ရေး ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှ ကူညီပေးနေကြောင်း သိရသည်။
သေဆုံးသွားသော မြန်မာလုပ်သားများအနက်မှ ပျောက်ဆုံးလျက်ရှိသော သေဆုံးသူ မြန်မာလုပ်သား ဦးညွန့်ဝင်း၏ မိသားစုများ ဆက်သွယ်လာမှုမရှိခြင်းကြောင့် နစ်နာမှုကူညီထောက်ပံ့ငွေများပေးအပ်မှု နောက်ဆုံးသတ်မှတ်ရက်အမှီတွေ့ရှိရရှိနိုင်ရေးသံအမတ်ကြီး၏လမ်းညွှန်မှုကြောင့် အလုပ်သမားသံအရာရှိမှ အပူတပြင်း ရှာဖွေခဲ့တာကြောင့် အဆက်အသွယ်ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပျိုကျမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့သည့် မြန်မာလုပ်သားများအတွက် ဘန်ကောက်မြို့မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ မိသားစုဝင်များ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး သေဆုံးသူ မြန်မာလုပ်သား ဦးညွှန့်ဝင်း၏ မိသားစုဝင်များမှ အကျိုးခံစားခွင့်ရရှိစေရေး ဥပဒေသတ်မှတ်ချက်များနှင့်အညီ လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး နစ်နာကြေး၊ လျော်ကြေးနှင့် ကူညီထောက်ပံ့ငွေများ အမြန်ဆုံး ထုတ်ယူရရှိနိုင်ရေး ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားချက်အရ သိရသည်။