

(မှုခင်း) ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ယောက်ကော်ပန်းခြံအနီးတွင် ယနေ့ နံနက်က ပျောက်ဆုံးနေသည့် ၇နှစ်အရွယ် ကလေး ၂ ယောက်အား ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ကလေးငယ်နှစ်ဦးသည် ၂၅ ရပ်ကွက်နှင့်၂၆ ရပ်ကွက်တွင် နေထိုင်ကြသည့် အသက် ၇ နှစ်အရွယ် မိန်းကလေးနှင့် ယောကျ်ားလေးတို့ဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ညနေ၄နာရီအချိန်က ယောက်ကော်ပန်းခြံအနီး ဆော့ကစားနေရင်း နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် စက်မှုဇုန် ၆၄ အပိုင် အဆောက်အဆုံနားမှာ ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိရကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့နှင့် နယ်ခံ မြို့ဦးလုလင်လူမှုရေးအသင်း အပါအဝင် ပရဟိတအသင်းအဖွဲ့များမှ ကလေးငယ်နှစ်ဦး၏ အလောင်းသယ်ယူခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။